视频说明
Khit Thit သတင်းဌာန၏ မေ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အိန္ဒိယကို လာရောက်မည့် အကြမ်းဖက် မင်းအောင်လှိုင်ကို နယူးဒေလီရောက် မြန်မာပြည်သူတွေက တရားဝင် ကန့်ကွက်ဆန္ဒပြမှာဖြစ်တယ်လို့ Burma House-New Delhi က သတင်းထုတ်ပြန်ထားပါတယ်။
- မကွေးတိုင်း မြိုင်မြို့နယ်မှာ ရိက္ခာပြတ်နေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရဲစခန်း၊ ပျူစောထီးရွာတွေ နဲ့ ဂိတ်တွေကို ရိက္ခာ ခဲယမ်းပို့ဆောင်မည့် စစ်တပ် စစ်ကြောင်းတွေ ဖြတ်တောက်တိုက်ခိုက်နိုင်ဖို့ အတွက် တော်လှန်ရေးတပ်တွေအနေနဲ့ ပြင်ဆင်ထားကြဖို့ မြိုင်ပကဖ က အသိပေး နှိုးဆော်ထားပါတယ်။
-မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်း ၆ လုံးကို နင်းမိပြီး ထိခိုက်မှုတွေ ရှိသွားပြန်တယ်လို့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲမှာ အီရန်က ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ပြောလာပေမယ့် အမေရိကန်သမ္မတ ထရန့်ကတော့ သူတို့လိုချင်တဲ့ သဘောတူညီချက်မရရင် အီရန်ကို အပြတ်ရှင်းမယ်လို့ သတိပေးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။