视频说明
Khit Thit သတင်းဌာန၏ မေ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သူမကို မတရားဖမ်းဆီးထားတဲ့ အကြမ်းဖက် စစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြပေးဖို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှု အနေနဲ့ ပြုလုပ်မယ့် လှုပ်ရှားမှုတွေမှာပါဝင်ပေးဖို့ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် က တိုက်တွန်း ပန်ကြားလာပါတယ်။
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် လာပါတယ်။
- မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ဘက်က တပ်သား မျိုးထက်ဇော်ကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိခဲ့ပြီး ၊ သူ့ကို ဖမ်းထားတဲ့ ဓါတ်ပုံမှာ တော်လှန်ရေးတပ်တွေက ထပ်တုံးခတ်ပြီး ထမင်းကြွေးထားတဲ့အပေါ် ဘာလို့ကျွေးတာလဲဆိုတဲ့ မှတ်ချက်ပြုမှုတွေလည်း မြင့်တက်နေပါတယ်။
- ကမ္ဘာ့ အမည်ပျက်နိုင်ငံများစာရင်းမှာ အစ္စရေးနိုင်ငံကို ထည့်သွင်းလိုက်တဲ့ အတွက် မကျေနပ်လို့ဆိုပြီး ကုလ အတွင်းရေးမှူးချုပ်နဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်တယ်လို့ အစ္စရေး ဘက်က ကြေညာ လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။