影片說明
Khit Thit သတင်းဌာန၏ ဇွန် ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက သတင်းထောက်တွေကို ပြောပါတယ်။
-အကြမ်းဖက် စစ်ကောင်စီက အဓမ္မစစ်သား စုဆောင်းတာ၊ ပေါ်တာဆွဲတာနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အဓမ္မလုပ်အားပေးတာကို ခိုင်းစေကာ နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းတွေကို ချိုးဖောက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ဖြိုးစန္ဒာစိုး က ပြောကြားပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ဌာနဆိုင် ရာရုံးတွေကို တော်လှန်ရေး တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်တပ်တွေ သုံးနေတဲ့ စစ်အခြေစိုက်စခန်း တစ်ခုကို လက်တုံ့ပြန် တိုက်ခိုက်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။