影片說明
▣ CROWN Education ပညာရေးအတိုင်ပင်ခံများမှ မြန်မာကျောင်းသူ ကျောင်းသားများနှင့် မိဘများအတွက် နိုင်ငံတကာ ပညာရေးနှင့် ပါတ်သက်၍ ကောင်းမွန်သော အကြံဉာဏ်များမျှဝေပေးနိုင်ရန် ၂၀၂၅ ခုနှစ်အတွင်း ယူကေ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံများရှိ တက္ကသိုလ်ကျောင်းများသို့ သွားရောက် လေ့လာပြီး ဆွေးနွေးပွဲများ တက်ရောက်ဖြစ်ခဲ့သော ဗီဒီယိုမှတ်တမ်းများနှင့် နိုင်ငံတကာ တက္ကသိုလ်များမှ ဖိတ်ခေါ်သော တွေ့ဆုံပွဲများသို့ တက်ရောက်ခဲ့ပုံများကို တစုတစည်းတည်း ဖော်ပြပေးလိုက်ရပါတယ်။
▣ CROWN Education အနေဖြင့်_
?ကျောင်းသူ ကျောင်းသား တစ်ဦးချင်းစီ၏ ပညာအရည်အချင်း၊ သင့်လျော်သော ဘာသာရပ်နှင့် မိဘ ငွေကြေးစီမံလျာထားမှုပေါ်တည်ပြီး ပြည်တွင်း၊ ပြည်ပ ပညာရေးလမ်းကြောင်းများ အသေးစိတ် ဆွေးနွေး တိုင်ပင်အကြံပေးခြင်း။
?CROWN Education နှင့် ချိတ်ဆက်ထားသည့် နိုင်ငံအသီးသီးမှ တက္ကသိုလ်များ၏ ကျောင်း၀င်ခွင့်လျှောက်ထားမှုများ၊ ကျောင်းသား ဗီဇာ လျှောက်ထားပေးခြင်းများအပါအဝင် နေရေးထိုင်ရေး နှင့် သက်ဆိုင်သည့်ကိစ္စအ၀၀ကို “အခမဲ့” စီစဉ်ဆောင်ရွက်ပေးခြင်း။
?ကျောင်းသူ ကျောင်းသားများအနေဖြင့် နောက်ဆုံးရနိုင်ငံတကာ ပညာရေးအကြောင်းအရာများ၊ ပညာရေးဆိုင်ရာ လမ်းညွှန်မှုများ၊ ဘာသာရပ်ရွေးချယ်မှုများ၊ ကောလိပ်၊ တက္ကသိုလ်များ၊ နိုင်ငံရွေးချယ်ခြင်းများနှင့် ပါတ်သက်၍ ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်နိုင်ရန် အခါအားလျော်စွာ Webinar များ၊ Seminar များ အခမဲ့ ပြုလုပ်ကျင်းပပေးခြင်း။
?နိုင်ငံတကာသို့ သွားရောက်သင်ကြားရန် ပြင်ဆင်နေသော ကျောင်းသား ကျောင်းသူများအတွက် CROWN Education ၏ Higher Secondary School ဖြစ်သည့် RAI Learning Center တွင် နိုင်ငံ တကာတက္ကသိုလ်၀င်ခွင့်လိုအပ်ချက်များ၊ စကောလားရှစ်၊ ပညာသင်ထောက်ပံ့ကြေး အခွင့်အရေးများရရှိအောင် ပညာရေးဝန်ဆောင်မှုပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။